“Source of motivation”

https://www.youtube.com/watch?v=MstjkJGSOac&t=108s

“Source of motivation”

အားလုံးမင်္ဂလာပါ။ Suren Consious မှ ကျွန်တော် Suren ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ကျွန်တော် ဒီနေ့ sharing လုပ်ပေးချင်တာကတော့ source of motivation ပဲဖြစ်ပါတယ်။ Source of motivation မပြောခင်မှာ အရင်ဉီးဆုံး role of motivation ဆိုတာနဲ့ အရင် နည်းနည်းလေးမိတ်ဆက်ပေးချင်ပါတယ်။ ကျွန်တော်တို့တွေ နေ့ရက်တိုင်းမှာ ရှင်သန်နေဖို့ အားပြည့်နေဖို့ဆိုတာ Motivation ရှိနေဖို့လိုပါတယ်။ Motivation ရဲ့ role ဟာဆိုရင် Corporations တွေ၊ အဖွဲ့အစည်းတွေမှာလည်း လိုအပ်/အသုံးဝင်လာပြန်ပါတယ်။ လုပ်ငန်းအတွင်း ဝန်ထမ်းတွေ performance တက်အောင်၊ Organizational goal တွေ ပြည့်မီအောင် Motivation ပေးနေရပါတယ်။ ထင်ရှားတဲ့ Motivational theory တချို့ကတော့ Maslow – hierarchy of needs, Herzberg two factor theory, Neil Doshi – six reasons people work တွေပဲဖြစ်ပါတယ်။ Theory တွေတိုင်းမှာ တခုနဲ့တခု မတူတဲ့ အချက်တွေ၊ အားသာချက် အားနည်းချက်တွေ ရှိပေမဲ့လည်း motivation နဲ့ပက်သက်လာရင် ကျွန်တော်တို့ ပြန်သုံးသပ်ကြည့်မယ်ဆိုရင် motivational source က အဓိက 3 နေရာကပဲ လာပါတယ်။ 1. Knowing your life purpose/knowing why you are born for (ကိုယ် ဘဝမှာ ရှင်သန်နေရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကို နားလည်သဘောပေါက်ထားခြင်း) 2. Knowing yourself (ကိုယ့်ကိုယ်ကို နားလည်ခြင်း၊ ကိုယ် ဘဝမှာ အဓိကတန်ဖိုးထားတဲ့ အရာတွေ၊ ကိုယ့်ယုံကြည်ချက်တွေ၊ values တွေကို နားလည်သိရိြှခင်း) 3. Knowing your own character (ရည်မှန်းချက်တွေ၊ values တွေ ရှိပြီးတဲ့အခါ ဒီအရာတွေအပေါ် ကိုယ်တကယ်ရော နေထိုင်သွားနိုင်မှာလား၊ ကိုယ့် character နဲ့ အတူ ကိုယ့်အားသာချက် အားနည်းချက်တွေကို သိရှိထားမယ်ဆိုရင် ကိုယ့်ရဲ့ goals တွေ purpose တွေကို ပြည့်မီဖို့၊ ဆွတ်ခူးဖို့ လိုအပ်တဲ့ personal or professional လိုအပ်ချက်တွေ၊ gap တွေကို သိမြင်နိုင်ကာ next ဘာလုပ်ရမလဲဆိုတာကို သိရှိလာနိုင်ပါလိမ့်မယ်။) ဒီ အချက်တွေဟာ Personal life ရော professional life မှာပါ မည်သူ့အတွက်မဆို သုံးဖို့သင့်တော်တဲ့ ရိုးရှင်းတဲ့ အချက်တွေပဲဖြစ်ပါတယ်။ Corporations တွေ အနေနဲ့လည်း ဒီအချက်တွေကို ကိုယ့် employees တွေကို ပြန်မေးပေးရင်းနဲ့ Motivation ပေးကာ organizational culture, organizational performance ကို တိုးတက်အောင် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။