CGA’s Monthly CPD Talk

CGA’s Monthly CPD Talk

CGA’s Monthly CPD Talk
ကျွန်တော်များ Commerce Graduates’ Association က လစဉ်ပြုလုပ်လျက်ရှိသော Monthly Seminarများ၊ Monthly Talk များကို Covid-19 ကာလအတွင်းဖြစ်ပေမဲ့လည်း Online Webinar များမှတဆင့် စဉ်ဆက်မပြတ် အရှိန်အဟုန်မပြတ် ဆက်လက်ကျင်းပ လုပ်ဆောင်လျက်ရှိပါတယ်။
ယခု July လအတွက်ကတော့ လာမည့် အာဇာနည်နေ့ (အများပြည်သူ ရုံးပိတ်ရက်) မှာ နေ့လည် 1 နာရီမှ စတင်ပြီး ညနေ 5 နာရီအထိ Zoom Application မှတဆင့် ကျင်းပပြုလုပ်မှာ ဖြစ်ပြီး အောက်ပါ ခေါင်းစဉ်များဖြင့် ဟောပြောဆွေးနွေးမှာ ဖြစ်ပါတယ်။
Bounce Back Ability
ကျွန်တော်တို့ အားလုံး သိထားတဲ့အတိုင်း Covid-19 Pandemic ဟာ ကျွန်တော်တို့တွေရဲ့ Individual Life ကိုရော၊ စီးပွားရေးလုပ်ငန်းတွေ ကိုပါ တော်တော်များများ ထိခိုက် သက်ရောက်ခဲ့ပါတယ်။ ဒီလိုအခက်အခဲကနေ ကျွန်တော်တို့ အားလုံး အတတ်နိုင်ဆုံး ခုခံအား တွေနဲ့ ပြန်လည်တည်ဆောက် ရှေ့ဆက်ရမှာဖြစ်တဲ့အတွက် ဒီနေရာမှာ Bounce back Ability များဟာ အမတန် အရေးကြီးလှပါတယ်။ ဒါကြောင့် ယခုတပတ် ဆွေးနွေးပွဲမှာ Bounce Back Ability ဆိုတာဘာလဲ၊ ဘယ်လိုမျိုး Define လုပ်ရမှာလဲ၊ ဘယ်လိုမျိုး အသုံးပြု အသုံးချရမလဲ စတာတွေကို ABE Myanmar ရဲ့ Director ဖြစ်သူ Mr. Suren Verma ကနေ ဆွေးနွေးတင်ပြမှာ ဖြစ်ပါတယ်။
Delivering the value of Audit
ကျွန်တော်များ Audit & Assurance Sector တွင် Practice ပြုလုပ်နေကြသော Professional များအတွက် Assurance Services များကို ဆောင်ရွက်ရာတွင် IFAC မှ ပြဌာန်းထားသော International Auditing Standards များကို လိုက်နာဆောင်ရွက်ရပါတယ်။ ဒါကြောင့် Public Listed Companies များတွင် Assurance Services များပေးနေသော Professional များအတွက် ISA-701 တွင် ပြဌာန်းထားသော KAM ဟု ခေါ်သည့် (Key Audit Matters) များအကြောင်းကို မည်သို့ မည်ပုံ Identify ပြုလုပ်ရမည်၊ မည်သို့ Analysis ပြုလုပ်ရမည် မည်သို့ Disclosure ပြုလုပ်ရမည် စသည် အကြောင်းအရာ များနှင့် အတူ ISA 570, 705, 706, 720 ပါ အကြောင်းအရာများကိုပါ MICPA ၏ Patron ဆရာကြီး ဦး၀င်းသင်၊ ဉက္ကဌ ဆရာဦး၀မ်းတင် နှင့် ဒုတိယ ဉက္ကဌ ဆရာဦးမိုးကျော်တို့မှ တင်ပြဆွေးနွေးမှာ ဖြစ်ပါတယ်။
Risk Based Internal Audit (RBIA)
International မှာ Third Line of Defense လို့ခေါ်တဲ့ Internal Audit Function ဟာ Corporate Governance အရ Listed Companies တွေနဲ့ Public ကို Accountability ရှိသော Companies အားလုံးအတွက် မရှိမဖြစ် လိုအပ်ပါတယ်။
ထို့ပြင် မိမိတို့ လုပ်ငန်း၏ အရွယ်အစားပေါ်မူတည်ပြီး လုပ်ငန်းများတွင် Enterprise Risk Management Framework များ၊ Enterprise Risk Management System များကိုလည်း Corporate Governance ရဲ့ Activity တစ်ခုအနေနဲ့ အသုံးပြုလာကြပါတယ်။ ဒါကြောင့် Companies များမှာ Internal Audit အနေနဲ့ Practices လုပ်နေကြသော Professional များအတွက် ကျွန်တော်တို့ရဲ့ Internal Audit Standards များအတိုင်း Risk Based Internal Audit Activities များကို မည်သို့ မည်ပုံ ဆောင်ရွက်မည်ကို MICPA Member တစ်ဦးဖြစ်သူ ဆရာ ဦးအောင်ဖြိုးမြတ်မှ တင်ပြဆွေးနွေးမှာ ဖြစ်ပါတယ် ခင်ဗျာ။
CPD Hours and Registration
ယခု CPD Seminar အစီအစဉ်အား တတ်ရောက်သူCPA များအတွက် CPD Hours 4 Hours ရရှိမှာ ဖြစ်ပြီး Registration ပြုလုပ်လိုသူများအနေဖြင့် ငွေကျပ် ၁၀၀၀၀ နှင့် Email Address၊ ပါပေးသွင်းရန် လိုအပ်ပါသည်။
Bank Account သို့ တိုက်ရိုက် ငွေသွင်းမည့် သူများအတွက်လည်း
KBZ Bank A/C: 18830215900029601
Bank Account Name: ဦးစိုးပိုင်
————————————————
UAB Bank Account No. 060010100001311
Bank Account Name: Commerce Graduates’ Association
များမှ ပေးသွင်းနိုင်ပါတယ် ခင်ဗျာ။
————————————————
ဘဏ်သို့ ပေးသွင်းပြီးပါက အထောက်အထားများကို ec31@cgamyanmar.com သို့ CGA facebook chat box မှ တဆင့် ပေးပို့ပေးပါရန် အသိပေး အကြောင်းကြားအပ်ပါသည်။
ဆက်သွယ်ရန်
အထက်ပါ Seminar နှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းလိုပါက
ဦးကျော်စွာ၀င်း – 09 – 978423784
ဦးမြင့်စိုး – 09-5018698
ဦးမိုးကျော် – 09-5154574 သို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ် ခင်ဗျာ။