School Entry Requirement in Old Days

School Entry Requirement in Old Days

ဟိုးရှေးရှေးတုန်းက ကျောင်းသားတစ်ယောက်ရဲ့ ကျောင်းကောင်းတစ်ခုကို သွားရမယ့် Entry requirement များစွာထဲကနေ အောက်ပါ ၃ ချက်ကို တင်ပြပါရစေ။ ၁) ကျောင်းသားကို ကျောင်းသားမိဘကိုယ်တိုင် ကျောင်းရှိရာ ရွာထိပ်ထိကို လာမပို့ရန်။ လုံခြုံရေးအရာခံများနှင့်သာ ပို့ပေးရန်။ ၂) လုံခြုံရေးအရာခံတွေဟာ ကျောင်းသားကို ကျောင်းရဲ့ ( ) ကြီးနဲ့ အလှမ်းဝေးတဲ့ ညောင်ပင်အောက်မှာ ထားခဲ့ပြီး ပြန်လည်ထွက်သွားရန်။ နောက်ပြန်လှည့်မကြည့်ရန်။ လှည့်ကြည့်လျှင် ဝင်ခွင့်မရပါ။ ၃) ကျောင်းသားက အဲဒီညောင်ပင်အောက်မှာ ထိုင်ပြီးတော့ ကျောင်းကနေ အရာခံပုဂ္ဂိုလ်တွေ လာမခေါ်မချင်း ထိုင်စောင့်ရန်။ ဒီ Entry requirement ၃ ခုလေးကို Highlight လုပ်ပေးတာပါ။ အဲဒီ Entry requirement ၃ခုနဲ့ ပြည့်မီစွာ ဝင်ခွင့်ရခဲ့တဲ့ ဘုရင့်သားတော် မင်းသားလေးရဲ့ အကြောင်းလေးပြောပါရစေ။…. ဘုရင်က သားလေးကို နာမည်ကြီး ( ) ကျောင်းတော်ကြီးမှာ တက်စေချင်လို့ ဘုရင်နဲ့ မိဖုရားကြီးက မင်းသားလေးကို မနက် ၄နာရီ အိမ်ကနေ လွှတ်ပေးပါတယ်။ မင်းသားလေးလည်း အဲဒီကျောင်းကို သူ့ဘဝမှာ တကယ်တက်ချင်ခဲ့ပါတယ်။ 1) အဲဒီမှာ သူက အစေခံတွေနဲ့ လာခဲ့ပါတယ်။ မနက်အစောကြီး ၄နာရီခွဲမှာ အစေခံတွေဟာ မင်းသားလေးကို ညောင်ပင်အောက်မှာထားခဲ့ပြီးတော့ ထွက်ခဲ့ကြပါတယ်။ ဆိုတော့ကား Entry requirement No.1 အောင်မြင်ခဲ့ပါတယ်။ 2) လုံခြုံရေးအရာခံ၊ အစေခံတွေဟာ နောက်ပြန်လှည့်မကြည့်ပဲ ပြန်ထွက်သွားခဲ့လို့ requirement No.2 လည်း အောင်မြင်ခဲ့ပါတယ်။ 3) မင်းသားလေးက မနက် ၄ခွဲလောက်ကတည်းက ထိုင်စောင့်နေခဲ့တယ်။ စောင့်ရင်း စောင့်ရင်း မနက် ၅ခွဲ ၆ခွဲ နေထွက်လာပြီးတန် ဘယ်သူမှလာမခေါ်ဘူး။ မင်းသားလေးက ထပ်စောင့်ရင်း ထပ်စောင့်တယ်။ ငါဒီကျောင်းမှာ တက်ကို တက်မယ်။ ဒီကျောင်းက ငါ့ဘဝကို ဘယ်လိုပြုပြင်တိုးတက်စေမယ်။ အဲလို သူ့အိပ်မက်တွေကို တွေးရင်း ထပ်စောင့်ကာ မနက် ၇နာရီ ၈နာရီ ၁၀နာရီ စသဖြင့်နဲ့ နေ့လည်ထမင်းစားချိန်ရောက်လာခဲ့တယ်။ မင်းသားလေးကို ဘယ်သူမှ လာမခေါ်ဘူး။ ရွာသူရွာသားတွေ ဖြတ်သွားဖြတ်လာ မြင်နေရတယ်။ နေ့လည် ၃နာရီ ၄နာရီချိန်တိုင် မင်းသားလေးက မျှော်လင့်ချက်မပြတ် ထပ်စောင့်ပါတယ်။ ညနေ ၅နာရီ ၆နာရီ နေဝင်ချိန်မှာ နေဝင်သွားသော်လည်း မင်းသားလေးက မတုန်မလှုပ်ပဲ ငါ့ဘဝကို ငါပြင်မယ်။ ဒီပညာကို ရအောင်ယူမယ်ဆိုပြီး ( ) ရှေ့မှာ ထိုင်နေခဲ့တယ်။ အထဲက ဂုရုကြီးက အဲ့အခါမှာ အစေခံတွေကို မင်းသားလေးအား သွားခေါ်ဖို့၊ ဒီကလေးကို ငါ့ကျောင်းထဲကို ခေါ်လာပါ ဆိုပြီးတော့ Entry ကို လက်ခံခဲ့ပါတယ်။ ဆိုတော့ မိဘပြည်သူ ကျနော်တို့အားလုံးအနေနဲ့ ကျနော်တို့ရဲ့ အဲဒီတုန်းက ပညာပေါ်မှာထားတဲ့ Entry requirement နဲ့ လက်ရှိဖြစ်နေတဲ့ Harvard တက္ကသိုလ်၊ Princeton, Oxford, Cambridge…. သူတို့ရဲ့ Entry requirements တွေကို ချင့်ချိန်စဉ်းစားမိရင်း ပြင်းထန်တဲ့ ဘဝအောင်မြင်မှုကိုပေးတဲ့ ပညာရေးစနစ်တစ်ခုရဲ့ Entry requirement ဟာ ဘယ်ဟာလေးဖြစ်လိမ့်မလဲလို့ တွေးတောလျက်….